Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Apr 2023

       ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာသို့ (၁၉.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပြောင်းဖူးစိုက်ခင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

27 Apr 2023

      ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၉.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင်  စားသုံးသူရေးရာ ဦးစီးဌာန၊ အမှတ်(၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

27 Apr 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ပြည်မြို့ပေါ်ရှိ အလှကုန်ဆိုင်ကြီးများဖြစ်သော AEC ၊ YADANA ၊ သန္တာဆန်း၊ ရေချမ်း စသောဆိုင်ကြီးများသို့ (၂၁.၄.၂၀၂၃)ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင် FDA တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

27 Apr 2023

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ‌နွေနှမ်းများစိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၂၄.၄.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

27 Apr 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူးဦးစီးမှူးရုံးသည် (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီက မအူပင်မြို့နယ်၊ သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ လက်ကားပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages