သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ စာသုံးသူရေးရာဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၉.၄.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် စာသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းတို့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးရှိ မိဘရိပ်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့အတွင်း ရောင်းချနေသော အလှကုန်များ၊ စားသောက်ကုန်များနှင့် ဆေးဝါးများကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဖြစ်ကြသော စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ (၂၄.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက ပူးပေါင်းပါဝင်ဆောင်ရွ
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်နေ ပြည်သူ(၇)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် ဆန်စပါးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍနှင့် ငါးလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။