Main menu

ဘိုကလေးမြို့မ(၆)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်နေ ပြည်သူ(၇)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊  ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းတို့ကို ရှင်းလင်းဟောပြောကာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ စားသုံးသူများ သိရှိစေရန်၊ ရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် Coffee  Shop နှင့် Happy Water Coffee Mix တွင် မူးယစ်ဆေးပါဝင်သဖြင့်  ဝယ်ယူစားသောက်ခြင်း  မပြုကြရန် တို့အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စည်နှင့်  ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှု  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာနသို့   တိုင်ကြားနိုင်သည့်အပြင် Call  Center  (1535) မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)