သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် (၁၄-၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အစည်းအဝေးခန်းမ၌ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အများပြည်သူသိရှိနိုင်ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများစာရင်းကို အောက်ပါအတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ၎င်းကျောင်းအနီးရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ဆွာမြို့ရှိ အောင်ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမြင့်သူနှင့် စီမံရေးရာဌာနခွဲတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့ပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် ကျေးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်းကောင်း ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို