Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Feb 2023

          တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ် တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(အစ်ဝှာ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

16 Feb 2023

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသများတွင် နွေစပါး စိုက်ပျိုးရန် တောင်သူဦးကြီးများသည် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြပါသည်။ မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီး လယ်များကိုထွန်စက်များဖြင့် ထယ်ထိုး၍မြေပြင်ခြင်း၊ သဘာဝမြေဩဇာ ဖြစ်သည့် နွားချေးထည့်ခြင်းများ ဆောင်ရွက်ကြပါသည်။

16 Feb 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးဦးဆောင်သော ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းဦးဆောင်သော ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။

16 Feb 2023

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ၍ အုတ်တွင်းမြို့နယ် ဗောဓိကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

16 Feb 2023

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှုးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာရှိ ကောင်းကောင်းအမှတ်တံဆိပ် အာလူးကြော်နှင့် ငှက်ပျောကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages