Main menu

ရေတာရှည်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

          တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ် တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(အစ်ဝှာ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်မှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြ ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၁၇ ဦး တက်ရောက်ခဲ့ပါသည်။

DOCA(Bago)