သတင်းနှင့် လှုပ်ရှားမှုများ
ရာသီအလိုက် သီးနှံစိုက်ပျိုးမှုအတွက် အရေးကြီးသည့်ကာလတစ်ခုဖြစ်သည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆီထွက်သီးနှံစုံ စိုက်ပျိုးမှု လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြီးစီးနိုင်ခဲ့ကြောင်း သိရသည်။ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ စုံစမ်းသိရှိရသော သတင်းအချက်အလက်များအရ ယခုဆောင်းရာသီအတွင်း၌ ဆီထွက်သီးနှံစုံ စိုက်ပျိုး ရန် လျာထားခဲ့သည့် ဧကပမာဏမှာ ၁၃၅၇၁ ဧက ဖြစ်သော်လည်း လျာထားပမာဏထက် ကျော်လွန်၍ စုစုပေါင်း ၁၃၅၈၈ ဧကအား စိုက်ပျိုးပြီးစီးသ

(၂၄.၃.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်က ပန်းတနော်မြို့မဈေး၊ အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက် ပိုင်းရပ်ကွက်ဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၈) ဆိုင်သို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေး၊ဈေးတန်းများရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကို သိရှိရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီ ဒေသကြီး၊ မအူပင်မြို့၊ အတွင်း အသင့်စားမုန့်အမျိုးမျိုး၊ စားသောက်ကုန်၊ အလှကုန်နှင့် လူသုံး ကုန်ပစ္စည်း များရောင်းချနေသည့် အရောင်းဆိုင်များ၌ ကုန်စည် (၁၀)မျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိ အခြေ အနေတို့ကို ၂၄.၃.၂၀၂၅ရက်နေ့ ၈နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာပေးTalk Show ကို ၂၄.၃.၂၀၂၅ နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့၊ သောတပန်ရပ်ရှိ “အောင်မြေဦး” ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနက ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၌ ၂၀၂၅ခုနှစ် မတ်လ ၂၂ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/ သား ()ဦး တက်ရောက်ခဲ့ပါသည်။
