Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Mar 2025

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၁-၃-၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဆန်စက်လုပ်ငန်းဖွဲ့ဖြိုးရေး ဆန်စပါးအသင်း အဖွဲ့များ ရှင်သန်းနိုင်ရေးနှင့်  စီးပွားရေးလုပ်ငန်းရှင်များ သိရှိစေရန်အလို့ငှာ ညောင်တုန်း ဆန်စက်လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြောဆွေးနွေးခဲ့သည်။

25 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်လွင်၊ မြို့နယ်ဦးစီးမှူးသည် (၂၀-၃-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူရွှေဆိုင်ရောင်းချသူ  လုပ်ငန်းရှင်(၁၀)ဦး အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအစည်းအဝေးခန်မသို့ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင် ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်းပြုလုပ်ခဲ့သည်။

25 Mar 2025

          ၂၂.၃.၂၀၂၅ ရက်နေ့ နံနက် ၀၉၀၀ အချိန်တွင် ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးမှူးရုံးခန်းမတွင်  နွေရာသီ ယဉ်ကျေးလိမ်မာ တက်ရောက်နေသည့် ကလေး၊လူငယ် ၂၄ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်၊

25 Mar 2025

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဦးစီးမှူးရုံး၌(၂၀.၃.၂၀၂၅)ရက်နေ့၊နံနက် (၁၁:၀၀) နာရီအချိနတွင် Thursday Talk ကျင်းပပြုလုပ် ခဲ့ပါသည်။

25 Mar 2025

          စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက် ဖြစ်သော ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အာဏာတည်ပြီး ဖြစ်ပါသည်။ စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်မျာ

Pages