သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) နေ့တွင် (၀၉:၄၅)နာရီ အချိန်တွင် ညောင်တုန်းမြို့ ပေစိကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ/ ကျောင်းသူ (၂၁၀)ဦး နှင့် ဆရာ/ ဆရာမ (၂၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မီးသတ်တပ်ဖွဲ့ဝင်များကို (၂၄.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ အမှတ်(၃)ရပ်ကွက်(၆) လမ်းမီးသတ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တာဝန်ခံသည် မြို့နယ်ပညာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ (၁၂:၀၀)နာရီ အထိ လေးကုန်းကျေးရွာအ.မ.ကကျောင်းရှိဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်၊ တည်းခိုခန်းလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါး စိုက်ဧက နှစ်သိန်းငါးသောင်းကျော် စိုက်ပျိုးပြီး ဆင်းသုခ စပါးမျိုး ဧက တစ်သိန်းခြောက်သောင်းကျော် စိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ ဟင်္သာတခရိုင်သည် နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃.၀၆ လက်မ ရွာသွန်းပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးပိုခဲ့သည့်အတွက် ဩဂုတ်လကုန်တွင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန်လက်မသို့ ရောက်ရှိခဲ့ပြီး မိုးလယ်၊ မိုးနှောင်းကောင်းသောနှစ်ဖြစ်ပါသည်။ သက်တမ်း ရက် ၁၃၅ ရှိသောဆင်းသုခ၊ သက်တမ်း ၁၁၅ ရက်ရှိ GW-11 မိုးစပါးများ အောက်တိုဘာ