သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တိုင်းဒေသကြီးကော်မတီ(၅) ဖျာပုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း၊ဆန်စပါးကုန်သည်များအသင်းနှင့်မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့မှ ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ နှင့် တပ်မတော်ထုတ်ကုန် ငါးသေတ္တာ၊ ပဲဘူး၊ ခေါက်ဆွဲခြောက်၊ မျှင်ငါးပိဘူး၊ ကော်ဖီထုပ်၊ လက်ဖက်ခြောက်ထုပ်များအား မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်းရုံးတွင် စက်တင်ဘာလ(၄/၅)ရက် နေ့များတွင် ဖျာပုံမြို့နယ် အခြေခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းသိရရသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စက်တင်ဘာလ (၉)ရက်နေ့တွင်သာပေါင်းကျေးရွာနေပြည်သူများကို စားသုံးသူရေးရာအသိပညာ ပေးဟောပြောပွဲကို ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံသည် အမှတ်(၄)ရပ်ကွက်၊ ကျေးလက်ဦးစီး ဌာနရုံးဝန်းအတွင်း၌ (၉.၉.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကိုဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၊ နတ်မော်လမ်း၊ ဦးအောင်မြတ်ကျော်တန် ဆောင်း၌ (၉.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းကိုဆောင်ရွက်ခဲ့ သည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၀၉:၃၀)မှ (၁၁:၃၀)နာရီထိ မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ သိသင့်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။