သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့၏ ကြီးကြပ်မှုဖြင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အများပြည်သူသို့ ဆန်နှင့် စားဆီများ၊ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို ၁၀.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အထက (၁၂) မြိုင်သာယာကျောင်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁၄)ရက်၊ နံနက် ( ၁၁ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ နယ်တွင် စက်တင်ဘာလ ( ၇ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ဖောင်းပြင်မြို့ ( အမှတ်-၃ ) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။