Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Sep 2022

     ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ (၈.၉.၂၀၂၂) ရက်နေ့၊  နေ့လည်က စားသုံးသူပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆီ ၅၀ ကျပ်သားလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ဆီကုန်သည် ဦးအောင်လွင်ဆိုင်၌ လူတစ်ဦးလျှင် ဆီ (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျှက်    ရှိကြောင်း သိရှိရ ပါသည်။

20 Sep 2022

    ပွဲရုံများသို့ အောင်ပန်းချင်းတက်များ ပုံမှန်အဝင်ရှိနေသော်လည်း အရောင်းအဝယ်မှာ ဒေသတွင်း လက်လီ/လက်ကားသမားတို့ဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ချင်းကို နယ်ဘက်မှ ဝယ်ယူမှု နည်းနေသော်လည်း ဈေးမှာ ယခင်အတိုင်း ပုံမှန်ဖြစ်လျှက်ရှိပါသည်။ ချင်းလှီး သမားတို့ ပုံမှန် အဝယ်ရှိနေသောကြောင့် အရောင်းအဝယ် အနည်းငယ်သာဖြစ်နေပါသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် (ပွဲရုံဈေး) ၁၄၀၀-၁၅၀၀ကျပ်၊ အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၃၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျှက်ရှိနေပါသည်။

20 Sep 2022

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို        (၁၄-၉-၂၀၂၂) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမ ကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှု

20 Sep 2022

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၂.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မအူပင်မြို့ (၇)လမ်း အမှတ်(၄) ရပ်ကွက်ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြပါသည်။

20 Sep 2022

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် (၁၂.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့ပေါ်နှင့် မြို့ဝန်းကျင်ရပ်ကွက် များမှ ဆင်းရဲနွမ်းပါးသူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ပါသည်။

Pages