Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Sep 2022

      ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိ ပညာဗဟုတများရရှိစေရန်အတွက် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ပဲကြီးခုံ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့ပါသည်။

21 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ဘိုးတော်ကုန်း အခြေခံပညာမူလတန်းလွန် ကျောင်း တွင် ကျောင်းသူကျောင်းသားများ သိသင့်သိထိုက်သည့် အသိပညာဗဟုများရရှိစေရန်အတွက် အသိပညာပေးဟောပြောခဲ့ပါသည်။

21 Sep 2022

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ပေါင်းလောင်းတိန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသား မိဘများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

21 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်ဦးစီးမှူးသည် ၁၂.၉.၂၀၂၂ ရက်နေ့ ၊  နံနက် (၁၀) နာရီတွင် အ.ထ.က (၁) ကျောင်း အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အသိပညာပေးဟောပြောပွဲသို့ တက်ရောက်‌‌ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အ.ထ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဉမ္မာက အဖွင့် အမှာစကားပြောကြားပါသည်။ ထို့နောက် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဌ ဒေါ်သင်းသင်းခို

21 Sep 2022

   ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်အလိုက် စားအုန်းဆီလုပ်ငန်းရှင်များနှင့် (၇.၉.၂၀၂၂) ရက်နေ့တွင် ညောင်လေးပင်ခရိုင် ၊  စားသုံးသူရေးရာဦးစီးဌာန ရုံးခန်းမအတွင်း နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူးမှ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ စီးပွားရေး လုပ်ငန်းရှင် (၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages