သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၁.၉.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင်ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမ (၁၅၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ညောင်ပင်ဈေးရပ်ကွက်နှင့် မြို့သစ်ဈေးအတွင်းရှိ ဆေးဆိုင်များအား (၁၂.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၂.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ကော့ကပ်လေးကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၅၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ဈေးတာဝန်ခံရုံး ၌ (၁၁.၉.၂၀၂၂) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကိုဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၉-၂၀၂၂)ရက်နေ့ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် သံတွဲမြို့ ပဒဲကော(အ.မ.က)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။