သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် မကွေး၊ ချောက်၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ပခုက္ကူခရိုင်များရှိ အရာထမ်း/ အမှုထမ်းများသည် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပါသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့်လှည့်လည်ရောင်းချမည့်အစီအစဉ်ကိုလည်းထည့်သွင်းဆောင်ရွက်လျက်ရှိရာ(၆-၉-၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ် (၁၁-၉-၂၀
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၁၂ . ၉ . ၂၀၂၂)ရက်နေ့ (၁၄း၀၀) နာရီချိန်တွင် မိတ္ထီလာခရိုင် ကုန်စည်ဒိုင်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိ ကို မလှိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော Home Sweet ၊ New Force နှင့် Green Power စက်သုံးဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးသို့ မိတ္ထီလာမြို့နယ်အတွင်းမှ အလှကုန်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို (၁၂-၉-၂၀၂၂) ရက်နေ့ (၁၄၀၀)ချိန် တွင် ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။