Main menu

“မိတ္ထီလာခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၁၂ . ၉ . ၂၀၂၂)ရက်နေ့ (၁၄း၀၀) နာရီချိန်တွင် မိတ္ထီလာခရိုင် ကုန်စည်ဒိုင်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါတွေ့ဆုံမှုတွင်စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ရည်မှန်းချက်နှင့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း၍ မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ သက်ဆိုင်ရာ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်အလက်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး၊ မည်သည့် လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်‌ပေးရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ပေးရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်‌ ဆောင်ရွက်ခြင်းဖြင့် စျေးကွက်များ ပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလာမည်ကြောင်း၊ သိရှိလိုသည်များ၊ အခက်ခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca.gov.mm Websiteတွင်ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)