သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းရှိ ဂျုံခေါက်ဆွဲလုပ်ငန်း(၂)ခုနှင့် ပုန်ထွန်ရပ်ကွက်ရှိပဲငံပြာရည်လုပ်ငန်း(၁)ခုတို့ကို ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၀-၁၁-၂၀၂၂)ရက်နေ့ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် သံတွဲမြို့၊ကြိမ်ချောင်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ အများပြည်သူဘေးအန္တရာယ်မဖြစ်ပေါ် စေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၉.၁၁.၂၀၂၂ ရက်နေ့နံနက်နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝိုင်းမော်မြို့၊အမှတ်(၁)ရပ်ကွက်ရှိ ထွန်းမြင့်အောင်ကြည်ဦး အစေ့ထုတ်ပြောင်းရောင်းဝယ်ရေးကုမ္ပဏီမှ လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၀.၁၁.၂၀၂၂ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိဒေသတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ(၉)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိရွှေလီဆန်ခေါက်ဆွဲလုပ်ငန်းရှင်နှင့