သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃.၉.၂၀၂၂ ရက်နေ့၊ ၁၄.၉.၂၀၂၂ ရက်နေ့တို့တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်း(၅) နှစ်နှင့် အောက်သက်တမ်းရှိသော ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းချက်အရ ချောက်ခရိုင် (ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနေလင်းအောင်၊ အတွင်းရေးမှူး ဦးဇော်ထွေး တို့မှ ကြီးကြပ်၍ (၁၂.၉.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီတွင် ဥက္ကဌ(၁)ဦး၊ ဒု-ဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦး၊ စာရင်းစစ်(၁)ဦး၊ အဖွဲ့ဝင်(၄)ဦး၊ စုစုပေါင်း(၁၂)ဦး ဖြင့် ဖွဲ့စည်းခဲ့က
မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် (၁၆.၉.၂၀၂၂) ရက်နေ့တွင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မွန်ပြည်နယ်ရှိ ကွမ်းသီးလုပ်ငန်းရှင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၉.၂၀၂၂) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာရှိ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သော “ကောင်းပြည့်” ကတွတ်ယိုလုပ်ငန်း၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောက်ဖြူခရိုင်ဦးစီးမှူး၏ညွှန်ကြားချက်ဖြင့် (၁၆-၉-၂၀၂၂)နေ့ နေ့လယ် (၃:၀၀) နာရီအချိန်တွင် ကျောက်ဖြူမြို့မဈေးကြီးသို့ သွားရောက်၍ ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်း များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။