Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Sep 2022

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍(၁၈.၉.၂၀၂၂)ရက်နေ့နံနက်(၁၀:၀၀)နာရီက  မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များသို့ ကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

27 Sep 2022

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရည်ရွယ်၍ စက်တင်ဘာ လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် အညီ ထည့်သွင်းဖော်ပြလာစေရန် ပခုက္ကူမြို့ပေါ်ရှိ မုန့်မျိုး

26 Sep 2022

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဦးလေးလွင်သည်(၁၈.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀;၃၀)နာရီက အိမ်မဲမြို့နယ် ရေယာဉ်စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီ အသင်းရုံး၌ရေယာဉ်လုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူများအား  စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

26 Sep 2022

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၂၀.၉.၂၀၂၂ ရက်နေ့ နံနက်(၀၈:၀၀) အချိန်တွင် မအူပင်မြို့နယ် အမှတ် (၈)ရပ်ကွက် ပေါက်တောလမ်း ဓမ္မာရုံကျောင်းရှေ့၌ ဆန်(၁)ပြည် ၁၅၀၀/-ကျပ်၊ ဆီ ၅၀သားလျှင် ၂၅၀၀/-ကျပ်၊ ဆား ၅၀ကျပ်သား တစ်ထုတ်လျှင် ၂၀၀/- နှင့် ကြက်ဥ (၆)လုံးလျှင် ၁၀၀၀/- သက်သာသောဈေးနှုန်းနှင့် ရောင်းချပေးနေမှုများအား သွားရောက်စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

26 Sep 2022

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် နတ်မော်ကျေးရွာအုပ်စု အ-ထ-က ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

Pages