သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀.၉.၂၀၂၂ ရက်နေ့တွင် သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ လမ်းဘေး၊ ဝဲယာဈေးဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် စက်တင်ဘာလ ၂၀ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင် အသင်းမှ ဆီကုန်သည်နှင့်လုပ်ငန်းရှင် စုစုပေါင်း (၂၂) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြင်သာထေရဝါဒ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘ/က)၌ ဘီးလင်းမြို့နယ် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ရာ တာဝန်ခံ ကျောင်းဆရာမကြီးနှင့်အတူ ဆရာ၊ ဆရာမ(၉)ဦး ကိုရင်၊ သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူ (၁၁၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှ ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထင်းအစားထိုး မီးသွေးလောင်စာတောင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် စက်တင်ဘာလ (၁၉)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက် နံနက် (၁၀:၃၀)နာရီအချိန်က မုံရွာမြို့၊ အ.ထ.က(၂) အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။