Main menu

မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် စက်တင်ဘာလ ၂၀ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင် အသင်းမှ ဆီကုန်သည်နှင့်လုပ်ငန်းရှင် စုစုပေါင်း (၂၂) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းမှုဖြင့် အများပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ရောင်းချပေးရာ၌ သတ်မှတ်ထားသည့် နေရာ၊ အချိန်၊ ပါရှိသည့်အရေအတွက်အတိုင်း မှန်မှန်ကန်ကန်ဖြင့် စေတနာထားရောင်းချပေးစေလိုကြောင်း၊ အခက်အခဲရှိပါက တင်ပြပေးကြရန်နှင့် ရောင်းချရန်ကျန်ရှိသည့် မြို့နယ်များသို့ပါ အလှည့်ကျသွားရောက ရောင်းချပေးရန် ပြည်နယ်အစိုးရအဖွဲ့မှ လမ်းညွှန်းထားပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကလည်း ပူးပေါင်းပါဝင်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းများအနေဖြင့်လည်း အားလုံးညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ တင်ပြသောအသင်းပြန်လည်ဖွဲ့စည်း ဆောင်ရွက်မည့် ကိစ္စအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေး၊ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား ညနေ (၁၅:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)