Main menu

အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက် နံနက် (၁၀:၃၀)နာရီအချိန်က မုံရွာမြို့၊ အ.ထ.က(၂) အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူ များ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာ စကားပြောကြားခဲ့ပြီးနောက် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့် တိုင်ကြားမှုများကို အသီးသီးရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စားသုံးရန်မသင့်သော အစားအသောက်များ၊ သုံးစွဲရန်မသင့်သော အလှကုန်များ၊ ဘေးအန္တရာယ် ရှိသော ကစားစရာပစ္စည်းများပါရှိသည့် ဗွီနိုင်းပေးအပ်ခြင်းဆောင်ရွက်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို (၁၁:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)