ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဦးလေးလွင်သည်(၁၈.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀;၃၀)နာရီက အိမ်မဲမြို့နယ် ရေယာဉ်စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီ အသင်းရုံး၌ရေယာဉ်လုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ တက်ရောက်လာသော ရေယာဉ်လုပ်ငန်းရှင်နှင့် ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံး သူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါဝန်ဆောင် မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ အကြောင်း ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ရေယာဉ်လုပ်ငန်းရှင်နှင့် ပြည်သူ (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)