သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ရောင်းချသည့် ကုန်စုံဆိုင် (၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ ဈေးပိုင်းရက်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ ကုန်စည် များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/ ၂၀၁၉)ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ပြည်နယ် ရဲတပ်ဖွဲ့၊ အထွ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ရပ်ကွက်များ၊ ကျေးရွာများသို့ စားသုံးဆီများကိုဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ၁၄-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈)နှင့် ရုံးအမှတ် (၄၁)တို့တွင် ဆီပိဿာချိန် (၁၀၉၆) ပိဿာကို တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၄.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် ဝါးခယ်မ မြို့နယ်၊ (အထက) ကနစိုးကုန်းကျောင်း၌ ဆရာ/ဆရာမ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၄.၉.၂၀၂၂)နေ့လယ် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ သက်ဆိုင်ရာဌာနများ၏ လူနေမှုစနစ်နှင့် သက်ဆိုင်သော အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။