Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက ကနစိုးကုန်းကျောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၄.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် ဝါးခယ်မ မြို့နယ်၊ (အထက) ကနစိုးကုန်းကျောင်း၌ ဆရာ/ဆရာမ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးမှ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှှင့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ဆောင်ရွက် ချက်များအား ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဂ) (ဆ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ပါတ်ဝန်းကျင်တွင်ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သော အစားအစာများ၊ ဓါတုဆိုးဆေးများလွန်ကဲစွာအသုံးပြု ထားသော မုန့်ပဲသွားရည်စာများကို စားသောက်မိပါက ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများ ခံစားရပြီး၊ ဆေးရုံဆေးခန်းပြသရန်အတွက် ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ် ပေါ်လာနိုင်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အစားအသောက်များကို ရွေးချယ်ဝယ်ယူစား သောက်နိုင်စေရန် အသိပေးဟောပြောခဲ့ပါသည်၊ပြီးနောက်အဖွဲ့ဖြင့်  ကျောင်းတွင်ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်နေသော အစားအသောက်များ၊ သတ်မှတ်ချက်များနှင့်အကိုက်ညီသော အစားအသောက်များရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား ဆွေးနွေးမှာကြားစစ်ဆေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၂၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)