Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၄.၉.၂၀၂၂)နေ့လယ် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ သက်ဆိုင်ရာဌာနများ၏ လူနေမှုစနစ်နှင့် သက်ဆိုင်သော အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားတွင် မအူပင်မြို့နယ် အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအေးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ လေးစားလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား ဟောပြောဆွေးနွေးပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး ခြင်းအကြောင်း နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ်နှင့် အားကစားဗဟုသုတ အကြောင်း များကို ဟောပြောဆွေးနွေး၍ တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၇၈) ဦးတို့သည် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

a