ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ ဈေးပိုင်းရက်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ ကုန်စည် များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/ ၂၀၁၉)ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ပြည်နယ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသော ဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဌာနက တားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများတင်သွင်းရောင်းချရန်၊ စိုက်ပျိုးသူတောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် သုံးစွဲပုံအညွှန်း ကို မြန်မာစာဖြင့် တိတိကျကျဖော်ပြထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ ရောင်းချ ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသား တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းနှင့် ကုန်သွယ်ခြင်းမပြုကြရန် လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးကွက်အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရသော်လည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)