Main menu

ညောင်လေးပင်ခရိုင်အတွင်း စားအုန်းဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်အလိုက် စားအုန်းဆီလုပ်ငန်းရှင်များနှင့် (၇.၉.၂၀၂၂) ရက်နေ့တွင် ညောင်လေးပင်ခရိုင် ၊  စားသုံးသူရေးရာဦးစီးဌာန ရုံးခန်းမအတွင်း နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူးမှ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ စီးပွားရေး လုပ်ငန်းရှင် (၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီခွဲတမ်းရရှိသည့်အခါ ခရိုင်ဦးစီးမှူးအား သတင်းပေးပို့သွားရန်နှင့် စားအုန်းဆီရရှိသည့် ခွဲတမ်း အပေါ် မူတည်၍ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်းထည့်၍ ၂% အမြတ်ထပ်ပိုမို၍ ရောင်း ချခြင်းမပြုရန် ဆီလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် အခါတွင် လည်း လက်ကားဝယ်ယူသွားသူများကိုလည်း အသိပေးသွားရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်သွားမည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ပါကြောင်း၊ စားအုန်းဆီ ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များမှလည်း အထက်ဖော်ပြပါအကြောင်းအရာများအား သိရှိလိုက်နာ‌ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)