စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၄-၉-၂၀၂၂) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမ ကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက် လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများ အနေဖြင့် သိလိုသည် များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေး မေးမြန်းခြင်းမရှိပါသဖြင့် ဟောပြော ပွဲအား (၁၀း၄၅)နာရီ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)