Main menu

ဒိုက်ဦးမြို့နယ်တွင် စားသုံးသူပြည်သူများ အဆင်ပြေစေရန် ဆီ ၅၀ ကျပ်သားလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ (၈.၉.၂၀၂၂) ရက်နေ့၊  နေ့လည်က စားသုံးသူပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆီ ၅၀ ကျပ်သားလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ဆီကုန်သည် ဦးအောင်လွင်ဆိုင်၌ လူတစ်ဦးလျှင် ဆီ (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျှက်    ရှိကြောင်း သိရှိရ ပါသည်။

    ဒိုက်ဦးမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီများ လိုက်လံ ရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများ ၊ ဌာန ဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)