Main menu

မအူပင်မြို့ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၂.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မအူပင်မြို့ (၇)လမ်း အမှတ်(၄) ရပ်ကွက်ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့် ညီညွှတ်စေမည့် ကုန်စည်များသုးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်များကို အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ နစ်နာမှုမရှိစေရန်အတွက် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပြီး လင်းတာရာစတိုးတွင် ရောင်းချသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါရှိသော ကုန်စည်များအား စစ်ဆေးတွေ့ရှိခဲ့ ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ လင်းတာရာစတိုး ဆိုင်ရှင် အား စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များ၊ အခန်း(၁၅)ပါ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုအချက်အလက်များ၊ အခန်း(၁၇)ပါ  ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုအချက်များ၊ အခန်း(၁၈) ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များအကြောင်း၊ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိ စေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူထိခိုက်မှုရှိလာပါက တာဝန်ယူဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ပြီး အာမခံမှုနှင့် အညီဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ နစ်နာဆုံးရှုံမှုအတွက် အရေးဆိုတိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲမှု နည်းလမ်းအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း  အသေးစိတ်ရှင်းလင်းဆွေးနွေး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)