သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီအတွင်း လေးကျေးရွာသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေး ဟောပြောပွဲဆွေးနွေးခြင်းနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကျေးရွာ အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့(၂၃.၆.၂၀၂၂)ရက်နေ့ နံနက်(၉၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မီးသတ်တပ်ဖွဲတို့နှင့် ပူးပေါင်း၍ MAX၊ POWER၊ GREEN WORLD နှင့် DENKO စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်သည် သံတွဲခရိုင် FDA၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ် ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းကာ (၂၀-၆-၂၀၂၂)နေ့ နံနက် (၁၀:၀၀)အချိန်တွင် သံတွဲမြို့ ဦးဥတ္တမလမ်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ဇေယျာမုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ရည်ရွယ်၍ ဇွန် (၁၆)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပေါက်မြို့နယ်တာဝန်ခံ ဦးကျော်စိုးသည် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ ပေါက်မြိ
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က(၁) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိတ်ဖက်ဌာနဖြစ်သော ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့် သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။