သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ နယ်၊ ဝါးတောကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်တရားဉပဒေရုံးတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် အတူ ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ကျောက်တံခါး ၊ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ မြို့ချောင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ ကွင်းဆင်
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် ၊ ကံကလေးကျေးရွာအုပ်စု၊ လယ်ကြားမြောင်ကျေးရွာ၌ ဒိုက်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်၍ ၁၇.၆.၂၀၂၂ ရက်နေ့ ၊ နေ့လည် (၁:၀၀) နာရီတွင် ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်မှု