သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဇွန်လ (၁၆၊၁၇) ရက်နေ့များတွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီချင်တွယ်ပြည့်ဝမှုရှိမရှိ၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိမရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁/၂/၃) အတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် (၆.၆.၂၀၂၂) နေ့နှင့် ၁၆.၆.၂၀၂၂ နေ့များ၌ ကျေးရွာအုပ်စု ၃ အုပ်စုမှ ကျေးရွာ ၃ ရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု သင်တန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနပေါင်းစုံ (၈) ဌာန ပူးပေါင်း၍ တောင်သူ (၁၁၀) ဦးအား ဒုဦးစီးမှူး ဒေါ်အေးအေးမွန်နှင့် ဝန်ထမ်းတစ်ဦးက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်အခြေခံစားသောက်ကုန်များထဲတွင် ဆီသည်မပါမဖြစ်သောကုန်စည်ဖြစ်သည့်အလျောက် ဈေးကွက်အတွင်း၌ ဆီအမျိုးမျိုးကို အလေးချိန်များချင်တွယ်၍ လည်းကောင်း၊ ပုလင်း/ဘူးများတွင်သွပ်သွင်း၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းချကြပါသည်။ ဈေးကွက်အတွင်းရောင်းချမှုအများဆုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ ၊ နေကြာဆီနှင့် စားအုန်းဆီများဖြစ်ပြီး ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီနှင့် ပဲနှမ်းဆီများကိုလည်း ရောင်းချခြင်းများရှိပါသည်။ ယင်းဆီများထဲတွင် စားအုန်
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ဉက္ကံကျေးရွာတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုဇော်သက်ဆီဆိုင်နှင့် KPO ဆီဆိုင် ၊ ဂုမ္မကွင်းကျေးရွာမှ ဓနသီဟဆီဆိုင်၊ လက်ပံပင်စုကျေးရွာမှ 2000 ဆီဆိုင်၊ Denko ဆီဆိုင်များသို့ ၁၆.၆.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။