Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးဦးဆောင်သော ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချင်အတွယ်မှန်ကန်မှု ရှိ/မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်ဈေးနှုန်းဖြင့် ရောင

23 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၂-၆-၂၀၂၂  ရက် (ဗုဒ္ဓဟူးနေ့) ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ အ.မ.က (၃)မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

23 Jun 2022

          ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးဆောင်၍  ကရင်ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်း များသည် (၁၈-၆-၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဘားအံမြို့ DENKO(ဘားအံ-၂) စက်သုံးဆီအရောင်းဆိုင်၊ ညောင်ရိပ်(၂)  စက်သုံးဆီအရောင်းဆိုင်နှင့် ရှမ်းလေးစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

23 Jun 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးကျော်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် သုံးပင်ကွင်းရပ်ကွက်၊ တက္ကသိုလ်လမ်း၊ အ-ထ-က(၄)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံသတင်းရေးသားနည်းသင်တန်းကို ၁၅.၆.၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် နေ့လည် (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages