Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

             ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ် စားသုံးဆီဖူလုံရေးကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် (၁၆-၆-၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ကုန်သည်ကြီးများနှင့်စားသုံးဆီလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ

23 Jun 2022

                  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂)ရက်နေ့၊ နေ့(၂:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၊ ရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး အပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

23 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဇွန်လ ၁၇ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းဘေးရှိ “ထွန်းသစ်စ” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

23 Jun 2022

       ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၈.၆.၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

23 Jun 2022

           စစ်ကိုင်းတိုင်းဒေသကြီးသည်ဇွန်လ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

Pages