သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၄.၆.၂၀၂၂ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင် (၄) ဆိုင်အား ဆေးဝါးရောင်းချခွင့်လိုင်စင် အသစ်လျှောက်မှုအပေါ် ဆေးဆိုင်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်
ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစိးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက်၉နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အခမ်းအနားသို့ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံသည် ကတုတ်ရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ တာဝန်ခံများနှင့်အတူ (၈.၆.၂၀၂၂) ရက်နေ့၊ နေ့လည် (၁)နာရီတွင် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းသည် သာယာဝတီမြို့နယ်အတွင်း ရောင်းချနေသောစိုက်ပျိုးရေးဆေးဆိုင်များသို့ ၈.၆.၂၀၂၂ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ လက်ရှိအမှုဆောင်များသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့တွင် ၃ နှစ်တာကာလ သက်တမ်းပြည့်မည်ဖြစ်သဖြင့် ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် ဗဟိုလ်တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ၉.၆.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။