Main menu

ဘီးလင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၄.၆.၂၀၂၂ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင် (၄) ဆိုင်အား ဆေးဝါးရောင်းချခွင့်လိုင်စင် အသစ်လျှောက်မှုအပေါ် ဆေးဆိုင်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သက်ဆိုင်ရာထောက်ခံချက်များ ပါရှိသော ဆေးဝါးများကိုသာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ ဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)