သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့်ဝန်ထမ်းများသည် (၁၆.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် ရေကြည်မြို့၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ဆန်စက်လုပ်ငန်းရှင် (၁၄)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး အစဉ်တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် တာဝန်ခံဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပါဝင် ၍ (၁၇.၆.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အသုတ်မြို့မဈေးကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသော အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်၊၊ အသုတ်မြို့မဈေးကြီး အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းအုပ်စု၊ တုံးတောကျေးရွာ၊ ဓမ္မာရုံ၌ (၁၆.၆.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူပြည်သူ (၄၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား (၁၆.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်များနှင့် ဓါတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။