Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

               ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ၂၀.၆.၂၀၂၂ ရက်နေ့၌ စိုးရိမ်ရေအမှတ်(၁၁၁၀)စင်တီမီတာအထိ ရောက်ရှိလာပြီး မြို့၏အနိမ့်ပိုင်းရပ်ကွက် နေအိမ်အချို့ရေနစ်မြုပ်၍ အိမ်ထောင်စု(၃၁၀)စု လူဦးရေ ကျား(၅၆၉)ဦး၊ မ(၆၁၅)ဦး၊ စုစုပေါင်း(၁၁၈၄)ဦးမှာ ရပ်ကွက်(၇)ခုရှိ ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံ(၉)ခုတို့တွင် ရေဘေးရှောင်နေရပါသည်။ လက်တလောစားသောက်ရေးအဆင်ပြေစေရန်အတွက် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်

23 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၁-၆-၂၀၂၂  ရက် (အင်္ဂါနေ့) ၊ နံနက် ၁၀:၀၀နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၂)ရပ်ကွက်၊ အခြေခံမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

23 Jun 2022

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင် (ဒု-ဦးစီးမှူး) ဦးဆောင်ပြီး ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အမ်းမြို့ ရေဘုတ်အထက(ခွဲ)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောခဲ့ပါသည်။

23 Jun 2022

         နေပြည်တော်ကောင်စီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် ဇွန်လ  ၂၀ ရက် နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီ၊ အစည်းအဝေး ခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages