Main menu

ဟင်္သာတခရိုင်အတွင်း စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ် ပြုလုပ်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ဟင်္သာတမြို့နယ်(၁၄.၆.၂၀၂၂)ရက်နေ့ နေ့လည်(၀၁:၀၀)အချိန်၌ ဟင်္သာတမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးကျော်နှင့် ဒေါ်နှင်းဝေဖြိုးမှလည်းကောင်း၊ (၁၇.၆.၂၀၂၂)ရက်နေ့ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမြင့်သိန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှလည်းကောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး အမေးအဖြေများ မေးမြန်းခြင်း ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

          Talk Show တွင် ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကြောင်း၊ ကုန်စည်များအားဈေးကွက် မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်တွေကို စစ်ဆေးခြင်းများအကြောင်းတို့ကို ရှင်းလင်းပြီး အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၂၀)တွင် ပါဝင်သော ပုဒ်မ(၅၃)ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများအကြောင်းနှင့် Online Shopping နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးဆောင်ရန်ရှောင်ရန်များအကြောင်းတို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)