Main menu

သာယာဝတီမြို့နယ်မှ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းသည် သာယာဝတီမြို့နယ်အတွင်း ရောင်းချနေသောစိုက်ပျိုးရေးဆေးဆိုင်များသို့ ၈.၆.၂၀၂၂ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင် ကောင်းသန့်မင်းမှ ပြောကြားခဲ့ရာတွင် တောင်သူများအကြား သုံးစွဲမှုများသောတံဆိပ်မှာ မြင်းပျံတံဆိပ်ဖြစ်ပြီး ကီလိုဂရမ် ၅၀ ပါဝင်ပါသည်။ တစ်အိတ်ဈေးနှုန်းမှာ ၉၈၀၀၀ ကျပ်ဖြစ်ကြောင်း၊ တောင်သူများအကြား အများဆုံးသုံးစွဲသော ပိုးသတ်ဆေးအမျိုးအစားမှာ ၅၀၅ တံဆိပ်ဖြစ်ပြီး တစ်လီတာ ၁ ဗူးလျှင် ၂၈၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခင်မြေဆီ တစ်အိတ်လျှင် ၂၃၀၀၀ ကျပ်ဖြစ်၍ အိတ် ၁၀၀ ထိ သိုလှောင်ရောင်းချနိုင်ခဲ့ပြီး ယခုအခါတွင် မြေဆီတစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ဈေးနှုန်းမြင့်မားနေသဖြင့် တစ်ခါဝယ်ယူသိုလှောင်လျှင်  ၁၀ အိတ်သာ ဝယ်ယူသိုလှောင်ရောင်းချနိုင်တော့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)