Main menu

ဒိုက်ဦးမြို့နယ် ကတုတ်ရွာမကျေးရွာတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံသည် ကတုတ်ရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ တာဝန်ခံများနှင့်အတူ (၈.၆.၂၀၂၂) ရက်နေ့၊ နေ့လည် (၁)နာရီတွင် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဉပဒေပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် ဉပဒေပါအကြောင်းအရာများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအကြောင်းအရာများနှင့် စားသုံးသူပြည်သူတို့အနေဖြင့် ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာတို့အား အသိပေး ပြောကြား၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)