Main menu

ဒိုက်ဦးမြို့နယ် ကံကလေးကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် ၊ ကံကလေးကျေးရွာအုပ်စု၊ လယ်ကြားမြောင်ကျေးရွာ၌ ဒိုက်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဖိတ်ကြားထားသော တောင်သူများ တက်‌ရောက်၍ ၁၇.၆.၂၀၂၂ ရက်နေ့ ၊ နေ့လည် (၁:၀၀) နာရီတွင် ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံက ပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူက ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ပြေစာ (သို့မဟုတ်) အထောက်အထားရယူခွင့်ရှိခြင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူနစ်နာဆုံးရှုံးမှုများ ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး  Consumer Information and Complaint Center  ရုံးခန်းများ ဖွင့်လှစ်၍ ဖြေရှင်းပေးနေကြောင်း၊  w.w.w.doca.gov.mm Website  ထဲတွင် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များအား အချိန်နှင့်တပြေးညီ လွှင့်တင်ပေးလျက်ရှိသည်ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)