Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 Mar 2022

            စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် မတ်လ (၁၇)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

31 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းသည် မလှိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ရေစစ်ကျောင်းလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၈.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

31 Mar 2022

Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လိုက်နာရမည့် သတ်မှတ်ချက်များအား ပြင်ဆင်၍ အသိပေးထုတ်ပြန်ထားသည့် သတင်းလွှာ(၄/၂၀၂၂) အား အောက်ပါ .pdf file တွင် ဝင်ရောက်ဖတ့်နိုင်ပါသည်-

30 Mar 2022

              စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည်(၁၆.၃.၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိDenko(စဉ့်ကိုင်)၊Denko(ပလိပ်)နှင့် တံတားဦးမြို့နယ်ရှိ Denko(တံတားဦး) စက်သုံးဆီအရောင်းဆိုင်များအား လည်းကောင်း၊ (၁၇.၃.၂၂၀၂၂) ရက်နေ့တွင် စဉ့်ကူးမြို့နယ်ရှိ Denko(လက်ပန်လှ)နှင့် မတ္တရာမြို့နယ်ရှိ Denko(မတ္တရာ)စက်သုံးဆီအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆ

30 Mar 2022

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဘူတာလမ်း၊ ရတနာမာရ်အောင်ရပ်ကွက်၌ ထုတ်လုပ်ရောင်းချနေသော မုန့်မျိုးစုံလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် ၂၀၂၂ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages