သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းသည် မလှိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ရေစစ်ကျောင်းလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၈.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လိုက်နာရမည့် သတ်မှတ်ချက်များအား ပြင်ဆင်၍ အသိပေးထုတ်ပြန်ထားသည့် သတင်းလွှာ(၄/၂၀၂၂) အား အောက်ပါ .pdf file တွင် ဝင်ရောက်ဖတ့်နိုင်ပါသည်-
စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည်(၁၆.၃.၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိDenko(စဉ့်ကိုင်)၊Denko(ပလိပ်)နှင့် တံတားဦးမြို့နယ်ရှိ Denko(တံတားဦး) စက်သုံးဆီအရောင်းဆိုင်များအား လည်းကောင်း၊ (၁၇.၃.၂၂၀၂၂) ရက်နေ့တွင် စဉ့်ကူးမြို့နယ်ရှိ Denko(လက်ပန်လှ)နှင့် မတ္တရာမြို့နယ်ရှိ Denko(မတ္တရာ)စက်သုံးဆီအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဘူတာလမ်း၊ ရတနာမာရ်အောင်ရပ်ကွက်၌ ထုတ်လုပ်ရောင်းချနေသော မုန့်မျိုးစုံလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် ၂၀၂၂ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည်သာစည်မြို့အတွင်းရှိ (တောင်ကြီး-မိတ္ထီလာ)ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့(၂၁.၃.၂၀၂၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် ရှမ်းရွှေတောင် စက်သုံးဆီအရောင်းဆိုင်နှင့် Moon Sun စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စော