သတင်းနှင့် လှုပ်ရှားမှုများ
နှစ်စဉ်မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားပါသည်။ စားသုံးသူကာကွယ်ပေးရေး၊ စားသုံးသူအခွင့်အရေး မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် အလေးထား ဂရုပြုသင့်သည့်ကဏ္ဍနှင့်ပတ်သက်သော အသိပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့အစည်းဖြစ်သည့် Consumer International က နှစ်စဉ်အထိမ်းအမှတ် ဆောင်ပုဒ်များသတ်မှတ်ထုတ်ပြန်လေ့ရှိပါသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Fair Digital F
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် မတ် ၄ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ “ရွှေလရောင်” မုန့်လုပ်ငန်းရှင်နှင့်လည်းကောင်း မတ် ၇ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ “ရွှေပြည်မိုး” မုန့်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်မျာ
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စစ်ကိုင်းခရိုင်မှ ဦးဆောင်ကြီးကြပ်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၂)ကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ မတ်လ(၁၀)ရက်နေ့က သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကို၂၀၂၂ ခုနှစ်မတ်လ ၁၄ ရက်နေ့တွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌လည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ရုံးတွင်လည်းကောင်း ကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူတောင်သူများအား ဈေးကွက်ဈေးနှုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်လက်တိုးချဲ့ စိုက်ပျိုးမည့် အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များ အသင်းရုံးတွင်(၇.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။