Main menu

သာပေါင်းမြို့နယ် သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သော တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူတောင်သူများအား ဈေးကွက်ဈေးနှုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်လက်တိုးချဲ့ စိုက်ပျိုးမည့် အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များ အသင်းရုံးတွင်(၇.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး၊ အသင်းရေရှည်ရပ်တည်နိုင်ရေး၊ နည်းပညာရရှိရေး၊ သီဟိုဠ်ဈေးနှုန်း၊ အထွက်နှုန်းများအခြေအနေ၊ သီဟိုဠ်အဝယ်ဒိုင်များအခြေအနေများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူရေးရာဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ သီဟိုဠ်အသင်းဥက္ကဌဦးတင်ဦးမှ ပြောကြားရာတွင် အသင်းသားများ၏ မြေယာပိုင်ဆိုင်မှုအတွက် အစွမ်းကုန်ဆောင်ရွက်နေကြောင်း၊ တစ်ဦးတစ်ယောက်အင်အားဖြင့် ရပ်တည်၍မရနိုင်ကြောင်း၊ နိုင်ငံတော်သို့ သတ်မှတ်ထားသည့်အခွန်အခများလည်း ပေးသွင်းရန် လိုအပ်ကြောင်း သီဟိုဠ်ဈေးနှုန်း၊ဈေးကွက်အဝယ်ဒိုင်များအခြေအနေနှင့် အသင်းမှဦးဆောင်၍ တောင်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)