သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညားပေဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ (၁၀၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိ ဦးသန်းစိုးနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်အ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးသန်းစိုး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့(၂၂.၃.၂၀၂၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် Petro K စက်သုံး ဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှု
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည်၂၆.၃.၂၀၂၂ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ စားသုံးဆီ လက်လီလက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြင်းခြံကုန်စည်ဒိုင်(MDCCI)ခန်းမ၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှ
မိမိဝယ်ယူမည့် ကုန်စည်/ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး မှန်ကန်သောသတင်း အချက်အလက်သိရှိခွင့်သည် စားသုံးသူများ၏ အခြေခံရပိုင်ခွင့် (သို့မဟုတ်) အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင်ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေမှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါသည်။ စားသုံးသူများအနေနဲ့ မှန်ကန်သော သတင်းအချက်အလက်များရရှိမှသာ မိမိနှင့် သင့်လျော်မည့် ကုန်စည်/ဝန်ဆောင်မှုကို မိမိစိတ်ကြိုက်ရွေးချယ်ခွင့် ရနိုင်မည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာ၊လုံခြုံစိတ်ချစွာ သုံးစွဲခွင့်ရနိုင်မည်