Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Apr 2022

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဉက္ကံကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ တိမွေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးထုတ်ကုန်ဖွံဖြိုးတိုးတက်ရေး သင်တန်း‌ဟောပြောပွဲ ကျင်းပခြင်းအား (၄.၄.၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀)အချိန်တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဉီးတို့မှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို တောင်သူ(၅၃) ဦးနှင့် ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

19 Apr 2022

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ဧပြီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ Angel သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပြီး တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်မ

08 Apr 2022

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ ရွှေတောင်အုပ်စု၊ ရွှေညောင်ပင်လမ်းရှိ ဦးထွန်းထွန်းဝင်း၏နေအိမ်၌  (၅.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲမျိုးစုံနှင့် နှစ်ပြန်ကြော်လုပ်ငန်းရှင်(၆)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်င

08 Apr 2022

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၆.၄.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ အသစ်ဖွင့်လှစ်ထားရှိသော ဗန်းမော်-နေပြည်တော် တိုက်ရိုက်ပြေးဆွဲနေသော ကြယ်တံခွန်မော်တော်ယာဉ်လိုင်းမှ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးများရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

08 Apr 2022

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

Pages